On 28 May, 2016, Mae Tao Clinic (MTC) opened its new and improved health service facilities in Mae Sot, Thailand. The grand opening is a culmination of years of partnership, work and unwavering efforts made by MTC and its partners to provide the best free healthcare services in multiple languages for displaced and migrant communities from Burma.
“We are so pleased to finally be able to host our patients in this new facility. We have worked for over 10 years to secure the funds, find the land, design the buildings and relocate,” explained Dr. Cynthia Maung, the Director and founder of MTC. “Our old rented site was difficult to upgrade and the space was limited,” she continued.
Despite much-touted political and economic changes in Burma, public health indicators in eastern Burma remain among the worst in the world. Decades of neglect of the health system has left people in the country without adequate healthcare and it will take decades to fix the plethora of issues. Among the myriad of obstacles, government services remain focused on Township-level health services, which makes it difficult to accommodate all health and social needs of the highly mobile population. This barrier is in addition to the costs for government health services, which remain prohibitive. Approximately 45% of MTC’s patients seek its services from inside Burma; the other 55% are mostly from the growing number of undocumented migrant workers living in Thailand who have limited access to the Thai healthcare system.
Dr. Cynthia Maung believes that “this population will continue to be here along the border and require health services.” “MTC is the most accessible health facility for this population,” she continued.
Since 2012, MTC began informally engaging with local and State-level health officials, learning more about each other’s services and health programs along the border. “We hope the change in government means that we can start to have more formal referral systems with the local hospitals in Burma, like with the Myawaddy Hospital,” she added.
MTC was established in 1989 on Thailand-Burma border, after the nationwide pro-democracy demonstrations in Burma, which led to a violent crackdown by the Burmese government and the arrival of thousands of peaceful protestors in Burma’s border areas. When MTC was first founded, it was a simple, one-room building with only a rice cooker to sterilize instruments. Now it is a large and organized clinic providing services including free healthcare, education and child protection to at least 150,000 displaced people from Burma every year.
“I am very pleased that MTC can continue to provide their essential services since their work is very important to us,” stated Dr. Witaya Swaddiwudhipong, Chief of the Department of Community and Social Medicine at the Mae Sot General Hospital in Thailand who believes that MTC plays a crucial role in providing healthcare along the border. His team has been providing essential advice on the design and layout of the new facilities.
Unlike the rented site in the previous location, MTC’s close partner Suwannimit Foundation – a registered organization in Thailand – owns the new site, providing a more stable location for the new clinic. Other improvements include upgrading the quality of services provided by MTC, such as isolation rooms for child in-patients with contagious diseases and a more spacious maternity ward. MTC hopes that the new layout of the facilities will allow patients to navigate the clinic with ease.
For more information and media inquiries, please contact:
English: Ms. Shalini ([email protected] , 0933076757)
Thai: Ms. Pattinee ([email protected] , 0876771415)
Burmese: Mr. Aung Pyi Moe ([email protected] , 0989828380)
Download the press release in English and Burmese.
၂၀၁၆ ခုနှစ် မေလ ၂၈ ရက်
သတင်းထုတ်ပြန်ချက်
မယ်တော်ဆေးခန်း အဆောက်အဦးသစ်များက မြန်မာနိုင်ငံ၏ အိုးအိမ်စွန့်ဒုက္ခသည်လူထုနှင့် ရွှေ့ပြောင်းလူထုအသိုင်းအဝိုင်းသို့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆက်လက်ဆောင်ကျဉ်းပေးမည်
၂၀၁၆ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ ၎င်း၏ အဆင့်မြှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုဌာနသစ်များကို ဖွင့်လှစ်လိုက်သည်။ ယင်းဆေးခန်းသစ်ဖွင့်ပွဲသည် မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ဒုက္ခသည်လူထုနှင့် ရွှေ့ပြောင်းလူထုအသိုင်းအဝိုင်းများအတွက် ဘာသာစကားမျိုးစုံဖြင့် အကောင်းဆုံး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ကျဉ်းပေးနိုင်ရန် မယ်တော်ဆေးခန်းနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများမှ နှစ်ပေါင်းများစွာ မဆုတ်မနစ် လက်တွဲလုပ်ကိုင်အားထုတ်မှုများ၏ ရလဒ်ပင် ဖြစ်သည်။
မယ်တော်ဆေးခန်း ဒါရိုက်တာနှင့် တည်ထောင်သူလည်းဖြစ်သူ ဒေါက်တာစင်သီယာမောင်က “နောက်ဆုံးတော့ ဒီဆေးခန်းနေရာသစ်မှာ အခုလိုလူနာတွေလက်ခံပြုစုနိုင်ပြီဖြစ်လို့ ကျမတို့ အင်မတန် ဝမ်းသာမိပါတယ်။ ဘဏ္ဍာငွေရဖို့၊ မြေကွက်ရဖို့၊ အဆောက်အဦးတွေ ပုံစံဆွဲဖို့နဲ့ ရွှေ့ပြောင်းဖို့ ကျမတို့ ၁၀ နှစ်ကျော် အချိန်ယူလုပ်ခဲ့ရတယ်” ဟု ရှင်းပြခဲ့သည်။ “ကျမတို့ နေရာဟောင်းက ငှားထားရတဲ့နေရာ ဖြစ်တဲ့အပြင် နေရာကျဉ်းတော့ အဆင့်မြှင့်တင်နိုင်ဖို့ ခက်ခဲတယ်လေ” ဟု သူမကဆက်ပြောပြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများ၊ စီးပွားရေးအပြောင်းအလဲများကို ဝေဝေဆာဆာ ပြောဆို နေကြသော်လည်း မြန်မာနိုင်ငံအရှေ့ပိုင်းမှ လူထုကျန်းမာရေးအညွန်းကိန်းများမှာမူ ကမ္ဘာ့အဆိုးဆုံးအဆင့်ထဲ ပါဝင်နေဆဲဖြစ်သည်။ ဆယ်စုနှစ်များစွာ ကျန်းမာရေးစနစ် လျစ်လျူရှုခံခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံတွင်းမှ ပြည်သူများသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရဖြစ်နေရာ ၎င်းပြဿနာရပ်များစွာကို ဖြေရှင်းနိုင်ရန်မှာ ဆယ်စုနှစ်ချီ ကြာမြင့်လိမ့်မည်ဖြစ်သည်။ အခက်အခဲမျိုးစုံထဲတွင် အစိုးရ၏ ဝန်ဆောင်မှုများသည် မြို့နယ်အဆင့် ကျန်းမာရေး ဝန်ဆောင်မှုများအပေါ်သာ အလေးထားနေသဖြင့် အတည်တကျနေထိုင်နိုင်ခြင်းမရှိပဲ ရွှေ့ပြောင်းနေရသော ပြည်သူလူထု၏ ကျန်းမာရေးနှင့် လူမှုရေး လိုအပ်ချက်အားလုံးကို ဖြည့်ဆီးနိုင်ရန် ခဲယဉ်းနေသည်။ ဤအဟန့်အတားသည် အစိုးရ၏ ကျန်းမာရေး ဝန်ဆောင်မှုများ စားရိတ်စကကြီးမြင့်မှုနှင့် တွဲဖက်နေပြီး ယင်းစားရိတ်ကြီးမြင့်မှုက လူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးတွင် အတားအဆီးဖြစ်နေသည်။ မယ်တော်ဆေးခန်း လူနာများ၏ ၄၅% ခန့်မှာ မြန်မာနိုင်ငံတွင်းမှလာ၍ ကျန်းမာရေးပြုစုစောင့်ရှောက်မှုရယူကြသူများဖြစ်ပြီး ကျန် ၅၅% ၏ အများစုမှာမူ ထိုင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား လက်လှမ်းမှီနိုင်မှု အကန့်အသတ်ရှိနေသည့် အရေအတွက် တိုးပွားလာနေသော ထိုင်းနိုင်ငံရောက် လက်မှတ်မဲ့ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။
“ဒီလူထုတွေဟာ ဒီနယ်စပ်မှာဘဲဆက်ရှိနေဦးမှာဖြစ်လို့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လိုအပ်နေလိမ့်မယ်” ဟု ဒေါက်တာ စင်သီယာမောင်မှ သုံးသပ်သည်။ “ဒီလူထုတွေအတွက်ဆိုရင် မယ်တော်ဆေးခန်းဟာ လက်လှမ်းအမှီနိုင်ဆုံး ကျန်းမာရေးဌာနဖြစ်ပါတယ်” ဟု သူမကဆက်ပြောသည်။
၂၀၁၂ ခုမှစ၍ မယ်တော်ဆေးခန်းသည် ဒေသန္တရအဆင့်နှင့် နိုင်ငံအဆင့် ကျန်းမာရေးအရာထမ်းများနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံခဲ့ပြီး တစ်ဖွဲ့နှင့်တဖွဲ့၏ဝန်ဆောင်မှုများနှင့် နယ်စပ်တလျှောက်ရှိ ကျန်းမာရေး လုပ်ငန်းစဉ်များအကြောင်းကို အပြန်အလှန် သိရှိလေ့လာနိုင်ခဲ့သည်။ “အစိုးရအပြောင်းအလဲကြောင့် မြဝတီဆေးရုံလို မြန်မာပြည်တွင်းက ဒေသန္တရဆေးရုံတွေနဲ့ ပိုပြီး စနစ်တကျ တရားဝင် လူနာလွှဲပြောင်း စနစ်တွေကို ကျမတို့အနေနဲ့ စလုပ်နိုင်မယ်လို့ မျှော်လင့်ရတယ်” ဟု သူမကထပ်ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးအား စစ်အစိုးရမှ အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူများ ထောင်နှင့်ချီ၍ မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိလာပြီးနောက် ၁၉၈၉ ခုနှစ်တွင် မယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့သည်။ မယ်တော်ဆေးခန်းအား စတင် တည်ထောင်ခဲ့ချိန်က ဆေးခန်းသုံး ပစ္စည်းများအား ပိုးသတ်ရန် ထမင်းပေါင်းအိုး တစ်လုံးတည်းသာရှိသည့် အခန်းငယ်တစ်ခန်းတွင် စတင်ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်သည်။ ယခုအချိန်တွင် မယ်တော်ဆေးခန်းသည် အိုးအိမ်ရွှေ့ပြောင်း လူနာပေါင်း အနည်းဆုံး ၁၅၀၀၀၀ ခန့်အား နှစ်စဉ် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ ပညာရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အပါအ၀င် ၀န်ဆောင်မှုများစွာ ပံ့ပိုးပေးနေသည့် စနစ်ကျသေချာစွာ ဖွဲ့စည်းလည်ပတ်နေသော ဆေးခန်းတစ်ခုအဖြစ် တည်ရှိနေပြီ ဖြစ်ပါသည်။
“ဒီလိုမျိုး အရေးပါတဲ့ဝန်ဆောင်မှုတွေ မယ်တော်ဆေးခန်းက ဆက်ပံပိုးပေးနိုင်တာကို ကျနော် အင်မတန် အားရမိတယ်၊ ဘာလို့လဲဆိုတော့ သူတို့အလုပ်က ကျနော်တို့အတွက် အလွန်အရေးပါလို့ဖြစ်တယ်” ဟု ထိုင်းနိုင်ငံ မဲဆောက် ပြည်သူ့ဆေးရုံကြီး လူမှုရေးနှင့်လူထုဆေးပညာဌာနမှူး ဒေါက်တာ ဝိထယ စဝါ့ဒ်ဒိဝုဒီပုံ က ဆိုပါသည်။ မယ်တော်ဆေးခန်းသည် နယ်စပ်တလျှောက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အချက်အချာ ကျသည့်အခန်းကဏ္ဍတွင် ရှိနေသည်ဟု ဒေါက်တာ ၀ိထယက ယုံကြည်ပြီး ၎င်းနှင့်အဖွဲ့သည် မယ်တော် ဆေးခန်း လုပ်ငန်းဌာနသစ်များ ပုံစံဆွဲရာနှင့် ခင်းကျင်း နေရာချရာ၌ အရေးပါသော အကြံဥာဏ်များလည်း ပေးနေသည်။
နေရာသစ်မှာ ယခင်နေရာဟောင်းလို ငှားရမ်းထားခြင်းမဟုတ်ဘဲ မယ်တော်ဆေးခန်း၏ မိတ်ဖက် စူဝန်နမစ် ဖောင်ဒေးရှင်းက ပိုင်ဆိုင်သဖြင့် ဆေးခန်းသစ်အတွက် ပိုမိုတည်ငြိမ်သည့်တည်နေရာ ဖြစ်ပါသည်။ စူဝန်နမစ် ဖောင်ဒေးရှင်းမှာ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့်အဖွဲ့အစည်းဖြစ်သည်။ အခြားတိုးတက်မှုများထဲတွင် မယ်တော်ဆေးခန်းမှ ဆောင်ကျဉ်းပေးနေသည့် ဝန်ဆောင်မှုများ၏ အရည်အသွေး မြှင့်တင်မှုများ ပါဝင်ရာ ကူးစက်ရောဂါသည် ကလေးသူငယ် အတွင်းလူနာများအတွက် သီးသန့်ခန်းများနှင့် ပိုမိုကျယ်ဝန်းသည့် သားဖွားဆောင်တို့ ပါဝင်ပါသည်။ နေရာဌာနများ၏ အခင်းအကျင်းပုံစံသစ်သည် လူနာများအနေဖြင့် ဆေးခန်းအတွင်း အဆင်ပြေလွယ်ကူစွာ ရှာဖွေသွားလာနိုင်စေမည်ဟု မယ်တော်ဆေးခန်းက မျှော်လင့်ပါသည်။
အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါကလည်းကောင်း၊ သတင်းဌာနများမှ စုံစမ်းလိုပါကလည်းကောင်း ဆက်သွယ်ရန် –
အင်္ဂလိပ်ဘာသာဖြင့် Ms. Shalini: 0933076757 ([email protected])
ထိုင်းဘာသာဖြင့် Ms. Pattinee: 0876771415 ([email protected])
မြန်မာဘာသာဖြင့် Mr. Aung Pyi Moe 0989828380 ([email protected])
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Tags: Health Care, Mae Tao ClinicThis post is in: Press Release
Related Posts