On August 2, 38 civil society organizations, community-based organizations and networks from Burma sent to Thura U Shwe Mann, Union Parliament Speaker, recommendations and proposed amendments to the Myanmar National Human Rights Commission (MNHRC) draft law in order to ensure the MNHRC’s independence, effectiveness, and its full compliance with the UN Principles relating to the status of national institutions. These principles, known as the Paris Principles, set out the minimum international standards required for National Human Rights Institutions (NHRIs) to effectively fulfill their role.
On 7 July 2013, the draft enabling law of the MNHRC was published in the state-run newspaper The Mirror. Along with the publication of the draft law was a notice calling for comments and recommendations.
While there are some positive aspects in the draft legislation, some provisions pose serious threats to the commission’s independence. Thus, the signatory organizations highly recommend that the problematic provisions detailed in the recommendations paper be amended.
You can read the full recommendations to Thura U Shwe Mann in English and Burmese, and the recommendations on the MNHRC Law in English and Burmese (updated on 23 August 2013).
Contact persons:
Khin Ohmar: +66 818840772 / +95 9450063714 or [email protected]
Aung Myo Min: +95 9448015306 or [email protected]
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအပေါ် လူထုအခြေပြုအဖွဲ့အစည်းများ၏ အကြံပြုချက်များ
သြဂုတ်လ ၂ ရက်နေ့တွင် မြန်မာ့ လူထုအခြေပြုအဖွဲ့အစည်းများ၊ ဒေသခံလူထုအသင်းအဖွဲ့များနှင့် ကွန်ယက် စုစုပေါင်း ၃၈ ခုတို့သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ကုလသမဂ္ဂစံနှုန်းများနှင့် အပြည့်အ၀ကိုက်ညီမှုရှိပြီး လွတ်လပ်မှုနှင့် ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်း အပေါ် ၎င်းတို့၏အကြံပြုချက်များနှင့် ဥပဒေပြင်ဆင်ရန်အဆိုပြုချက်များကို ပေးပို့ခဲ့ပါသည်။ နိုင်ငံတော်လူ့အခွင့်အရေးအဆောက်အအုံများအနေဖြင့် မိမိတာဝန်ကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန် အနိမ့်ဆုံးထားရှိရမည့် စံနှုန်းများကို ပါရီအခြေခံမူဟု အများအသိအမှတ်ပြုထားသော အဆိုပါ ကုလသမဂ္ဂအခြေခံမူများက သတ်မှတ်ဖော်ပြထားပါသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်ထဲတွင် ပါရှိနေသည်။ ၂၀၁၃ ဇူလိုင်လ ၇ ရက်နေ့တွင် ကော်မရှင်ဥပဒေကြမ်းကို အစိုးရ၏ ကြေးမုံ သတင်းစာထဲတွင် ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်နှင့်အတူ အများထင်မြင်ချက်များနှင့် အကြံပြုချက်များပေးပို့နိုင်ကြောင်း သတိပေးချက်ပါရှိခဲ့သည်။
ဥပဒေကြမ်းထဲတွင် အပြုသဘောဆောင်သော အပိုင်းများပါရှိသော်လည်း အချို့သော ပြဋ္ဌန်းချက်များသည် ကော်မရှင်၏ လွှတ်လပ်အမှီအခိုကင်းမှုအပေါ် ဆိုးရွားစွာ ချိန်းခြောက်နေသည်။ ထို့ကြောင့် အကြံပြုစာထဲတွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း ပြဿနာများဖြစ်ပေါ်စေနိုင်သော ဥပဒေပါပြဋ္ဌန်းချက်များကို ပြန်လည်ပြင်ဆင်ပြဋ္ဌန်းပေးပါရန် ၎င်းအကြံပြုစာအား ထောက်ခံလက်မှတ်ထိုးထားသော အဖွဲ့အစည်းများမှ အလေးအနက် တိုက်တွန်းအကြံပြုထားပါသည်။
ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံသို့ ပေးပို့သော အကြံပြုစာအပြည့်အစုံ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် ကော်မရှင်ဥပဒေကြမ်း အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ တို့ကို ဒေါင်းလုပ်ရယူနိုင်ပါသည်။
ဆက်သွယ်ရန်
ခင်ဥမ္မာ – +၆၆ ၈၁၈၈၄၀၇၇၂/ +၉၅ ၉၄၅၉၉၆၃၇၁၄ [email protected]
အောင်မျိုးမင်း – +၉၅ ၉၄၄၈၀၁၅၃၀၆ [email protected]
This post is in: NHRC Monitor, Press Release, Spotlight
Related Posts