Member States
United Nations Human Rights Council
Palais des Nations
CH-1211 Geneva 10, Switzerland
Excellencies,
We, a diverse range of civil society organizations from Myanmar/Burma, are writing to you in advance of the upcoming 25th regular session in Geneva to express our serious concerns about the lack of progress made regarding the situation of human rights in Myanmar/Burma, and to urge the Council to maintain the resolution on the situation of human rights in Myanmar/Burma under agenda item 4 of the Council in its upcoming session. It is vital to maintain pressure on the Myanmar/Burma government to ensure that it continues with its reforms, and addresses grave ongoing issues such as constitutional reform, inter-communal violence, the lack of rule of law, repressive legislation, land confiscation and gross human rights abuses in ethnic areas as a matter of extreme urgency.
These concerns were also raised by the United Nations (UN) Special Rapporteur on the Situation of Human Rights in Myanmar, Tomás Ojea Quintana, at the conclusion of his final mission to Myanmar/Burma. His end-of-mission statement, issued at Rangoon International Airport on 19 February, provides a thematic summary of the most pressing human rights issues that Myanmar/Burma currently faces.
Special Rapporteur Quintana’s statement highlights two salient points. First, the human rights situation in Myanmar/Burma is still very serious, with little or no progress made in some areas. As Special Rapporteur Quintana says: “For the time being, the military retains a prevailing role in the life and institutions of Myanmar. State institutions in general remain unaccountable and the judiciary is not yet functioning as an independent branch of Government. Moreover, the rule of law cannot yet be said to exist in Myanmar. Tackling the situation in Rakhine State represents a particular challenge which, if left unaddressed, could jeopardize the entire reform process. A critical challenge will be to secure ceasefire and political agreements with ethnic minority groups, so that Myanmar can finally transform into a peaceful multi-ethnic and multi-religious society.” In other areas, such as “the release of prisoners of conscience, the opening up of space for freedom of expression, the development of political freedoms, and important progress in securing an end to fighting in the ethnic border areas,” reforms are in grave danger of backsliding.
Second, it is clear that the Special Rapporteur plays a vital role in monitoring what is happening inside Myanmar/Burma, presenting his findings to the Council and submitting recommendations for action. It is disingenuous to make the argument that Myanmar/Burma no longer requires a Special Rapporteur mandate based only on incomplete reforms in certain areas, such as the release of political prisoners. Set among the spread of unsavory issues on Myanmar’s/Burma’s plate, such reforms are little more than garnish intended to make Myanmar/Burma palatable to the international community.
Furthermore, not only is a Special Rapporteur still entirely necessary; one with a full monitoring mandate under agenda item 4 of the Council is needed to ensure continuing monitoring and reporting to the Council on human rights developments in Myanmar/Burma, as demonstrated by Special Rapporteur Quintana’s statement and the Myanmar/Burma government’s repeated failure to comply with the Council’s recommendations.
By the same token, the need for the establishment of a UN Office of the High Commissioner for Human Rights (OHCHR) presence in Myanmar/Burma is indicated by the litany of human rights concerns, and anything less than an office with a full promotion and protection mandate cannot currently be justified. We understand that the UN and the Myanmar/Burma government are currently at an impasse regarding the establishment of an OHCHR office, with the Myanmar/Burma government unwilling to accept an office with a full mandate. We further understand that the Myanmar/Burma government is trying to negotiate, as part of such discussions, a reduction in the mandate of the Special Rapporteur – to a mandate under agenda item 10 which entails only “technical cooperation” – or the abolition of the Special Rapporteur mandate altogether.
Direct action by the UN and international institutions is essential, and your commitment to achieve peace, democracy, human rights, equality and rule of law for all people of Myanmar/Burma is crucial. Failure to do so will only perpetuate long-standing human rights abuses, entrenched impunity, armed conflicts, and political and humanitarian crises faced by the people of Myanmar/Burma. We thank you for considering our requests in the upcoming Council session.
Yours sincerely,
Burma Partnership
Endorsed by:
Please download open letter in English here
—————————————
မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ
သို့
လူကြီးမင်းများ
အကြောင်းအရာ – မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ
မိမိတို့ မြန်မာနိုင်ငံအရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး တိုးတက်မှုများမရှိသည့်အပေါ် အလွန်အမင်း စိုးရိမ်မိပြီး ဂျနီဗာမြို့တွင် ကျင်းပမည့် (၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေအပေါ် ဆုံးဖြတ်ချက်ကို အစီအစဉ်အကြောင်းအရာ (၄) အောက်တွင်သာ ဆက်လက်ထားရှိရန် အစည်းဝေးအကြို ကြိုတင် စာရေးသား တောင်းဆိုလိုက်ရပါသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားအောင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဘာသာရေးလူမျိုးရေးလူစုများကြား ပဋိပက္ခများ၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ ဖိနှိပ်သောဥပဒေများပြဋ္ဌန်းခြင်း၊ မြေယာသိမ်းဆည်းမှုများ၊ တိုင်းရင်းသားဒေသများရှိ ဆိုးဝါးသောလူ့အခွင့်အရေးချိုးဖောက်မှုများကဲ့သို့ လက်ရှိဆက်လက်ဖြစ်ပေါ်နေသော အရေးကြီးသည့်ကိစ္စရပ်များကို အထွပ်အထိပ် အရေးပေါ်အခြေအနေများအဖြစ် ကိုင်တွယ်ဖြေရှင်းအောင် မြန်မာနိုင်ငံအစိုးရအား ဆက်လက်ဖိအားပေးရန် မရှိမဖြစ် လိုအပ်ပါသည်။
ဤစိုးရိမ်ပူပန်ဖွယ်အချက်များကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်စ်အိုဟေး ကွင်တားနားက ၎င်း၏မြန်မာပြည် ခရီးစဉ်အဆုံးတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ၂၀၁၄ ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထုတ်ပြန်ခဲ့သော ၎င်း၏ ခရီးစဉ်ဆုံး ကြေညာချက်တွင် မြန်မာနိုင်ငံတွင် အများဆုံးတွေ့ကြုံနေရသော လူ့အခွင့်အရေးကိစ္စရပ်များအပေါ် ခေါင်းစဉ်အုပ်စုအလိုက် အနှစ်ချုပ် ဖော်ပြခဲ့သည်။
၎င်းကြေညာချက်ထဲတွင် မီးမောင်းထိုးပြထားသော မြင်သာသည့် အချက်နှစ်ချက် ရှိပါသည်။ ပထမတစ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေသည် အလွန်ဆိုရွားနေဆဲဖြစ်ပြီး အချို့ကဏ္ဍများတွင် တိုးတက်မှုများ အနည်းအကျဉ်း သို့မဟုတ် မရှိသလောက် နည်းပါးနေသည်ဟူသော အချက်ဖြစ်သည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ကွင်တားနားက “လက်ရှိအချိန်အထိ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောနဲ့ အဆောက်အအုံတွေကို လွှမ်းမိုးချုပ်ကိုင်နေတဲ့ အခန်းကဏ္ဍကနေ ဆက်လက် ရပ်တည်ဆဲ ဖြစ်တယ်။ နိုင်ငံတော် အဖွဲ့အစည်း အဆောက်အအုံတွေဟာ ယေဘူယျအားဖြင့် တာဝန်ယူမှု တာဝန်ခံမှုမရှိ ဖြစ်နေဆဲဖြစ်ပြီး တရားရေး မဏ္ဍိုင်ဟာလည်း လွတ်လပ်အမှီအခိုကင်းတဲ့ အစိုးရရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်နိုင်မှုမရှိသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိပြီလို့ ပြောလို့မရသေးပါဘူး။ ရခိုင်ပြည်နယ်အတွင်းက အခြေအနေကို ကိုင်တွယ်ဖြေရှင်းပုံဟာလည်း စိန်ခေါ်မှုကြီးတစ်ခုဆိုတာကို ပြသနေပြီး ကိုင်တွယ်ဖြေရှင်းခြင်းမရှိဘူးဆိုရင် ပြုပြင်ပြောင်းလဲရေး တစ်စုံလုံးကို ထိခိုက်နိုင်ပါတယ်” ဟု ပြောခဲ့သည်။ “နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရန် အခွင့်အရေးရရှိလာမှု၊ နိုင်ငံရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းလာမှု၊ တိုင်းရင်းသားနယ်စပ်ဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်ရန်ကြိုးစားမှု၏ အရေးပါသော တိုးတက်ဖြစ်ထွန်းမှု” အစရှိသည့် အခြားသော ကဏ္ဍများရှိ ပြုပြင်ပြောင်းလဲမှုများသည် ရခိုင်ပြည်နယ် အခြေအနေကြောင့် နောက်ကြောင်းပြန်လှည့်သွားနိုင်သည့် အန္တရယ်အတွင်းသို့ ကျရောက်နေလျက်ရှိသည်။
ဒုတိယအားဖြင့် မြန်မာနိုင်ငံတွင်းအဖြစ်အပျက်များကို စောင့်ကြည့်ရန်၊ တွေ့ရှိချက်များအပေါ် ကောင်စီသို့ အစီရင်ခံရန်နှင့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အကြံပြုခြင်းတို့အတွက် လူ့အခွင့်အရေးအထူးကိုယ်စားလှယ် လိုအပ်သည်မှာ ငြင်းဆန်၍မရသည့် အချက်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းကဲ့သို့ အချို့ကဏ္ဍများရှိ အလုံးစုံမဟုတ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအပေါ်သာ အခြေခံ၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မလိုအပ်တော့ဟု ငြင်းခုန်ချက်ပြုမည်လျှင် ရိုးသားမှုမရှိသော မုသားသာ ဖြစ်လိမ့်မည်။ မြန်မာနိုင်ငံ၏ ရင်လေးဖွယ်ရာ အရေးကိစ္စအများအပြားများအနက်မှ ထိုသို့သော ကဏ္ဍများရှိ တစိတ်တဒေသသော ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံတကာအသိုင်းအဝိုင်းအကြိုက် နှစ်သိမ့်ပေးလို့သော ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေသော အပေါ်ယံ အကွပ်လောက်သာ ဖြစ်ပါလိမ့်မည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ ကြေငြာချက်ပါ ရန်ညွှန်းချက်များနှင့် ကောင်စီအကြံပြုချက်များကို လိုက်နာရန် မြန်မာနိုင်ငံအစိုးရ၏ အကြိမ်ကြိမ် ပျက်ကွက်မှုများအရ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် လိုအပ်သေးရုံသာမက ၎င်းအထူးကိုယ်စားလှယ်သည် လူ့အခွင့်အရေးကောင်စီ၏ အစီအစဉ်အကြောင်းအရာ (၄) အောက် စောင့်ကြည့်လေ့လာခြင်း လုပ်ပိုင်ခွင့်တာဝန် အပြည့်အဝ ရှိရန်လိုအပ်ပါသည်။ သို့မှ စောင့်ကြည့်လေ့လာခြင်းနှင့် ကောင်စီထံသို့အစီရင်ခံခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်မည်ဖြစ်သည်။
ထို့အတူပင် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်ပေါ်လာသောတုန့်ပြန်တောင်းဆိုမှုများက ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး မြန်မာပြည်တွင်အခြေစိုက်ရန် လိုအပ်နေသည်ကို ထပ်တူထင်ဟပ်ဖော်ပြနေသည်။ လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့်ကာကွယ်ခြင်း လုပ်ပိုင်ခွင့်အတာဝန် အပြည့်အဝရှိသော အဆိုပါရုံး တည်ထောင်ခြင်း မဟုတ်သည့် အခြားအဆင့်နိမ့်သော မည်သည့်ဆောင်ရွက်ချက်မဆို လက်ရှိအချိန်တွင် တရားမျှတမှုကို ဖော်ဆောင်နိုင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံအစိုးရက လုပ်ပိုင်ခွင့် တာဝန်အပြည့်ရှိသော ရုံးတည်ထောင်ခြင်းကို လက်ခံလိုစိတ်မရှိ ဖြစ်နေသောကြောင့် လက်ရှိအချိန်တွင် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအစိုးရကြား ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး တည်ထောင်ရေးကိစ္စဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်နေသည်ဟု မိမိတို့နားလည်ထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးခြေအနေအပေါ် ဆုံးဖြတ်ချက်များကို လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အကြောင်းအရာ (၁၀) အောက်တွင်သာ ထားရှိခြင်းဖြင့် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်တာဝန်ကို “နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု” အဆင့်သို့ လျော့ချပေးရန်၊ သို့မဟုတ် လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရာထူးကို အပြီးသတ် ပယ်ဖျက်ပေးရန် နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမှုများတွင် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု မိမိတို့ နားလည်ထားပါသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဆောက်အအုံများ၏ တိုက်ရိုက် အရေးယူဆောင်ရွက်မှုများနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမှုရှိရေး၊ မြန်မာပြည်သူအားလုံးအတွက် တရားဥပဒေစိုးမိုးရေးရရှိရန် ၎င်းတို့၏ ပါဝင်လုပ်ဆောင်မှုသည် မရှိမဖြစ် လိုအပ်နေပါသည်။ ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ပါက မြန်မာပြည်သူများ ကြုံတွေ့နေရသော နှစ်ရှည်လများလူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမြစ်တွယ်နေသော အပစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအကြပ်အတည်းနှင့် လူထုဘေးဒုက္ခများ စသည်တို့ကို ဆက်လက်တည်မြဲစေမည်ဖြစ်သည်။ မိမိတို့၏ တောင်းဆိုမှုကို လာမည့်ကောင်စီအစည်းအဝေးတွင် ထည့်သွင်းစဉ်းစား ပေးသည့်အပေါ် များစွာကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့
ထောက်ခံလက်မှတ်ရေးထိုးသူများ
1. Action Committee for Democracy Development
2. All Kachin Students and Youth Union (AKSYU)
3. ALTSEAN-Burma
4. Arakan Observer Group
5. ASEAN Parliamentarians for Human Rights (APHR)
6. Asian Forum for Human Rights and Development (FORUM-ASIA)
7. Asia Pacific Solidarity Coalition (APSOC)
8. Association of Human Rights Defenders and Promoters(HRDP)
9. Assistance Association for Political Prisoners (AAPP)
10. Association Suisse-Birmanie
11. Back Pack Health Worker Team (BPHWT)
12. Burma Action Ireland
13. Burma Campaign Australia
14. Burma Campaign UK
15. Burma Environmental Working Group (BEWG)
16. Burma Study Center
17. Christian Solidarity Worldwide (CSW)
18. Dignity International
19. Equality Myanmar
20. Federation of Student’s Union Organization Committee
21. Fortify Rights
22. Forum for Democracy in Burma (FDB)
23. Free Burma Campaign (South Africa)
24. Free Burma Coalition -Philippines (FBC-P)
25. Hong Kong Coalition for a Free Burma
26. Human Rights Foundation of Monland (HURFOM)
27. Info Birmanie (France)
28. International Federation for Human Rights (FIDH)
29. Kachin Peace Network
30. Kachin Women’s Association Thailand (KWAT)
31. Karen Environmental and Social Action Network (KESAN)
32. Karen Human Rights Group (KHRG)
33. Karenni Civil Societies Network (KCSN)
34. Karen Women Empowerment Group (KWEG)
35. Karen Women Organization (KWO)
36. Mae Tao Clinic (MTC)
37. Network for Democracy and Development (NDD)
38. Pa-Oh Youth Organization (PYO)
39. Pax Romana ICMICA
40. People’s Forum on Burma (Japan)
41. Rohingya Arakanese Refugee Committee (RARC), Malaysia
42. Rohingya Youth Development Forum (RYDF), Arakan-Burma
43. Students and Youth Congress of Burma (SYCB)
44. Tavoy Women’s Union (TWU)
45. Tavoy Youth Organization (TYO)
46. United Lahu Youth Organization (ULYO)
47. Women’s League of Burma (WLB)
48. Yangon People Service Network
အိပ်ဖွင့်ပေးစာ မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Tags: Burma PartnershipThis post is in: Human Rights
Related Posts